-
စစ်ကိုင်းတိုင်း၊ မုံရွာဘက်ကမ်းဘက်ကနေ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်က ချင်းတွင်းမြစ်ကို ဖြတ်ကျော်ကာ ဆားလင်းကြီးဒေသက ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူလေးယောက်ကို ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
-
အဲဒီဓာတ်ပုံမှတ်တမ်းအရ ဖမ်းခံရသူ ၁၆ဦးထဲမှာ အမျိုးသမီး ၃ ဦးပါဝင်တာတွေ့ရပါတယ်။ ရွှေဘိုမြို့ခံအချို့ကိုမေးမြန်းချက်အရ အသက် မပြည့်သေးတဲ့ ယောင်္ကျားလေး ၂ ဦးလည်းပါတယ်လို့ သိရပါတယ်။
-
ဧပြီ ၁၁ ရက်က အမျိုးသားညွတ်ရေးအစိုးရ (NUG) ၏ ပဇီးကြီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးရုံး ဖွင့်ပွဲကို စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲပြီး ရဟတ်ယာဉ်ကပါ ပစ်သဖြင့် ကလေးနှင့် အမျိုးသမီးများအပါအဝင် ၁၆၈ ဦး သေဆုံးခဲ့ပြီး နောက် ဧပြီ ၁၉ ရက်မှ စ၍ ယနေ့တိုင် ပဇီကြီးရွာနှင့် အနီးတဝိုက်ရွာများကိုစစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေး ရွာတိုက်ပွဲ၌ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး တစ်ဦးအပါအ ဝင်၂၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNDF သတင်းရင်းမြစ်နှင့် ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။
-
Myanmar’s military has killed dozens of people in airstrikes on an event organised by its domestic opponents, in what is feared to be one of the deadliest attacks since the junta seized power more than two years ago. https://www.theguardian.com/world/2023/apr/11/airstrikes-by-burmese-military-kill-dozens-at-anti-junta-event-sagaing
-
ဒီကနေ့မနက်အစောပိုင်းက စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီကြီးရွာက အစုအလိုက်အပြုံလိုက်သတ် ဖြတ်မှုကို သက်သေမကျန်အောင် ဂျက်ဖိုက်တာနဲ့ အကြမ်းဖက်စစ်တပ် ထပ်မံဗုံးကျဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက PVTVကို ပြောပါတယ်။ “အလောင်းကောက်မရအောင် ဆက်တိုက် ပစ်နေပါတယ်။အခု ဂျက်ဖိုက်တာနဲ့ ညနေ ၅နာရီ ၃၅က ၄၀မိနစ်ထိ ၃ကြိမ်ဝဲ ၄လုံးထပ်ချ နေဆဲ သက်သေမကျန်အောင် ဆက်ပစ်နေဆဲတယ်” ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
-
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက ဧပြီ ၁၁ ရက် ဒီနေ့ မနက်ခင်း ၈ နာရီလောက်က တိုက်လေယာဉ်နဲ့ လာပစ်ခတ်လို့ ဒေသခံပြည်သူ ရာနဲ့ချီ ထိခိုက်သေဆုံးတာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
-
Myanmar’s military has launched air attacks on a central town known to be a bastion of opposition to the coup carried out two years ago. Witnesses and local media said dozens of people were killed and wounded in the attack on Tuesday – one of the worst since the military seized control of the country.…
-
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီ ၇ ရက်နှင့် ၈ ရက်များကလည်း စစ်ကိုင်းနှင့် ပုလဲမြို့နယ်ရှိ PDFစခန်း သုံးခုကို လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်စီးနင်းခဲ့ရာ လက်နက်ခဲယမ်းအများအပြားဆုံးရှုံးခဲ့ရပြီး ရဲဘော် ခုနစ်ဦးထက်မနည်း ကျဆုံးခဲ့ရသည်။
-
It was the junta’s deadliest attack since seizing power in 2021. As resistance forces have become better armed, the military has doubled down on its strategy of carrying out air raids and targeting civilians.